ဥတ္တရသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများတွေ့ဆုံ





ဥတ္တရသီရိ ဧပြီ ၃၀ 


ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ တက်ရှိန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂)ဦးမျိုးချစ်၊  မြို့နယ်ပညာရေးမှူး  ဒေါ်အုန်းဆန်းနှင့် ပညာရေးဝန်ထမ်းများသည်  တက်ရှိန်းကျေးရွာ၊  အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်တွေ့ဆုံရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌက မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများပျက်စီးဆုံရှုံးမှုနှင့်ပတ်သက်၍ ပြန်လည်ဖြေဆိုရမည့် အခြေအနေများကို ပြောကြားပြီး ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊  ကျောင်းသူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ဥတ္တရသီရိမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့် သင်ကြားပေးမည့် အခြေခံပညာကျောင်းစုစုပေါင်း ခြောက်ကျောင်းရှိပြီး သင်ခန်းစာပို့ချမှုအနေဖြင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအပြင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များမှ ဆရာ၊ ဆရာမများကလည်း လာရောက်လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မျိုးဝင်း(ဥတ္တရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)