အကြမ်းဖက်သမားများက မုံရွာမြို့ဘက်သို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၁ လုံး သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားများက မုံရွာမြို့ဘက်သို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၁ လုံး သိမ်းဆည်းရမိ




နေပြည်တော်၊ ဧပြီ ၁၆

PDF အမည်ခံအကြမ်းဖက်သမားများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွဲနေသည်ကို မနာလိုမရှုစိတ်ဖြစ်ခြင်းနှင့် ပြည်သူများတည်ငြိမ်အေးချမ်းမှုပျက်ပြား၍ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လူနေ မြို့၊ ရွာ၊ ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးပစ်ခတ်ရန် တပ်ဆင်ထားမှု များကိုများ လုပ်ဆောင်လျက်ရှိသည်။

ထို့သို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင် ရပ်ကွက်၊ ချင်းတွင်းမြစ် ဇက်ဆိပ်အနီး ရှော့တိုက်ဒုံးတစ်လုံးတွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁၂နာရီ ၅၅မိနစ်ခန့်တွင် သွားရောက်ရှင်းလင်းရာ အဆိုပါဇတ်ဆိပ်အနီး၌ မုံရွာမြို့ဘက် သို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

PDFအမည်ခံ အကြမ်းဖက်သမားများသည် မြန်မာ့ရိုးရာ နှစ်သစ်အတာသင်္ကြန် ပွဲတော်အား ပြည်သူများအေးချမ်းစွာဆင်နွှဲနေမှုကို ယခုကဲ့သို့ အကြောင်းမဲ့ ရှော့တိုက် ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန်ဆောင်ရွက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ် ဖြစ်ပွားရာနေရာတစ်ဝိုက်အား လိုအပ်သော လုံခြုံရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်း သတင်းရှိသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)