နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်းရှိ မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ခံခဲ့ရသော ကျေးရွာနှင့်သာသနိကအဆောက်အဦများ ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်းရှိ မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ခံခဲ့ရသော ကျေးရွာနှင့်သာသနိကအဆောက်အဦများ ကွင်းဆင်းကြည့်ရှု

 




တပ်ကုန်း ,  ဧပြီ ၁၃


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ခံစားခဲ့ရသော ကျေးရွာနှင့်သာသနိကအဆောက်အဦများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ကျေးရွာနှင့်သာသနိကအဆောက်အဦများ ကွင်းဆင်းကြည့်ရှုခဲ့ရာ လက်ပန်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာစက္ကအား ဖူးမြော်ကြည်ညိုပြီး ဝတ္ထုငွေနှစ်သိန်းနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်၊ ဆီ၊ ကြက်ဥနှင့် ပစ္စည်းမျိုးစုံ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင်ဆောင်များ၊ လူနေအိမ်များ၊ ကျေးလက်ရေပေးဝေရေး ရေစင်ပျက်စီးမှုနှင့် ကျေးလက်ကျန်းမာရေးဌာနတွင် စေတနာရှင် ဆရာဝန်များနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ရေကန်များ ရေဖြည့်တင်းပေးနေမှု ကြည့်ရှုစစ်ဆေးခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ပျော်ရွာကျေးရွာအနီး၊ ရသေ့ကြီးဦးခန္တီ အိမ်တော်ရာစေတီတော်မြတ်ကြီးသို့ ရောက်ရှိ၍ ဘဒ္ဒန္တခေမာစာရဆရာတော်အား ဖူးမျှော်ကြည်ညိုကာ ဝတ္ထုငွေနှစ်သိန်းနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်၊ ဆီ၊ ကြက်ဥနှင့် ပစ္စည်းမျိုးစုံဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချတရားတော်နာယူခဲ့ပြီးနောက် ရသေ့ကြီးဦးခန္တီ အိမ်တော်ရာစေတီတော်မြတ်နှင့် သာသနိကအဆောက်အဦများ ပျက်စီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)