စစ်ကိုင်း၊ ဧပြီ ၁၃
သီတဂူရေအလှူတော်လုပ်ငန်းများ တောင်ရိုးပေါ်ရေရရှိရန်အမြန်ဆုံးဆောင်ရွက်နေကြောင်း သိရသည်။
သီတဂူအဓိပတဆရာတော်ဘုရားကြီး၏ ဩဝါဒကိုခံယူကာ သီတဂူအမှတ်(၁)ရေစက်ရုံမှ ဦးညွန့်ဝေ ဦးဆောင်သော ရေဝန်ထမ်းများသည် တောင်ရိုးပေါ်ရေရရှိရန် ယနေ့တွင် ရှင်ပင်နံကိုင်းတောင်ပေါ်သို့ ရေအမြန်ဆုံးရောက်ရှိရန်အတွက် အုတ်တံတိုင်းများအောက် ရောက်ရှိနေသော ရေပိုက်လိုင်းများ တူးဖော် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကြာမီရက်များအတွင်း တောင်ရိုးပေါ်ရှိအချို့ကျောင်းများ ရေအမြန်ဆုံးရရှိနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တောင်ရိုးပေါ်ရှိကျောင်းများ ရေအခက်အခဲဖြစ်နေကြောင်း လတ်တလောအဆင်ပြေစေရန် သီတဂူအုပ်ချုပ်ရေးမှူးဆရာတော် ဦးကောဝိဒထံ ဆက်သွယ်အကူအညီတောင်းနိုင်ပါကြောင်း (ဖုန်းနံပါတ်- ၀၉၇၆၅၁၂၀၃၂၂)၊ မီးသတ်ကားဖြင့် ကြိုးစားပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment