မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရေး တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရေး တွေ့ဆုံဆွေးနွေး




ချမ်းအေးသာစံ  ဧပြီ  ၂၇


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအတွင်း ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူများအား ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။


အဆိုပါတွေ့ဆုံဆွေးနွေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မတ်လ ၂၈ ရက် မွန်းလွဲပိုင်း၌ လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို စာစစ်လုပ်ငန်းများဆောင်ရွက်နေသည့် မန္တလေးတက္ကသိုလ်ပင်မအဆောက်အအုံ ထိခိုက်ပြိုကျပျက်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယခင်စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံးဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုထားပါကြောင်း၊ လာမည့် ဇွန်လ ၁၆ ရက် မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ပြန်လည်ဖြေဆိုခွင့်ပြုထားသည့် ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်အားလုံးကို အဆင်ပြေချောမွေ့အောင်မြင်စွာဖြင့် ပြီးဆုံးသည်အထိ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ၏ အကြံပြုဆွေးနွေးချက်မှုများအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)