လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်(အတတ်နေ့) ရေကစားခြင်းနှင့် စတုဒိသာအဟာရကျွေးမွေးခြင်းများပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်(အတတ်နေ့) ရေကစားခြင်းနှင့် စတုဒိသာအဟာရကျွေးမွေးခြင်းများပြုလုပ်



လှိုင်သာယာ(အရှေ့ပိုင်း)  , ဧပြီ ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မဟာသင်္ကြန်(အတတ်နေ့) မြန်မာ့ရိုးရာအစဥ်အလာမပျက်ရေကစားခြင်းနှင့် စတုဒိသာအာဟာရကျွေးမွေးခြင်းများကို ယနေ့နံနက်ပိုင်း၌ အမှတ်(၈)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းမကြီးပေါ်ရှိ ကျန်စစ်သားလမ်း၊ ရုံးရှေ့မှတ်တိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်စတုဒိသာမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။


အဆိုပါ ၁၃၈၆ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် စတုဒိသာမဏ္ဍပ်၌ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်‌နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အဖွဲ့၀င်များ၊ အသင်းအဖွဲ့များနှင့်ပြည်သူများအား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ရေပက်ကစားလျက်ရှိပြီး မြန်မာ့ရိုးရာအတာသင်္ကြန် စတုဒိသာများ ကျွေးမွေးရာတွင်လည်း လူမျိုးမရွေးဘာသာမရွေး သုံးဆောင်နိုင်စေရန်အတွတ်  သင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် ပြည်သူများအား    မြန်မာ့ရိုးရာကောက်ညှင်းဆန်မုန့်ကို ထန်လျက်ခဲများအား ပိုင်းစိတ်၍ လုံးပြီးရေနွေးအိုးထဲထည့်ကာပေါ်လာလျှင် မုန့်လုံးရေပေါ် မုန့်များဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည်။


ထို့ပြင် စတုဒိတာမဏ္ဍပ်တွင် မြန်မာ့ရိုးရာဓ‌လေ့သနပ်ခါး လိမ်းခြယ်ခြင်းနှင့်ရေကန်ကြီးထဲမှ ရေပုံး၊ ရေခွက်၊ ရေဖလားများ ခတ်ကာရေပက်ဖျန်း၍ ရေကစားခြင်းတို့ဖြင့် အတာသင်္ကြန်နှစ်သစ်မင်္ဂလာကို အေးချမ်းစွာကြိုဆိုလျက်ရှိကြောင်းသိရသည်။


 ခင်၀င်းမူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)