မိုးညှင်းမြို့၌ သင်္ကြန်ပွဲ‌အတက်နေ့ ရေပက်ကစားကြသူများနှင့် စတုဒိသာ ကျွေးမွေးကြသူများဖြင့် စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းမြို့၌ သင်္ကြန်ပွဲ‌အတက်နေ့ ရေပက်ကစားကြသူများနှင့် စတုဒိသာ ကျွေးမွေးကြသူများဖြင့် စည်ကား




မိုးညှင်း ,  ဧပြီ ၁၆


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ မဟာသင်္ကြန်ပွဲတော် အတက်နေ့ နေ့လယ်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ မြန်မာ့ရိုးရာ‌‌အစဉ်အလာနှင့်အညီ ရေပက်ကစားကြသူများနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်။


မိုးညှင်းမြို့တွင် မဟာသင်္ကြန်ပွဲတော်ကို ဧပြီ (၁၃)ရက် (သင်္ကြန်အကြို)နေ့မှ ဧပြီ(၁၆)ရက် (သင်္ကြန်အတက်)နေ့အထိ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအေးချမ်းစွာ ရေပက်ကစားကြခြင်း၊ စတုဒိသာမုန့်များဖြစ်ကြသည့် မုန့်လုံးရေပေါ်၊ မုန့်လက်ကောက်၊ မုန့်ဟင်းခါး၊ ကြာဇံဟင်းခါးနှင့် အချိုရည်အအေးတို့ဖြင့် ကျွေးမွေးလှူဒါန်းကြသူများနှင့် ဥပုပ်သီလစောင့်တည်ကြသူများ စည်ကားများပြားလျက်ရှိ‌ကြောင်း သိရသည်။


ထို့ပြင် မြို့ပေါ်ရပ်ကွက်များတွင် နှစ်ဆန်းတစ်ရက်‌နေ့မှစ၍ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူ‌ဇော်ကြခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ကြခြင်းများ နှစ်စဉ်ရိုးရာအစဉ်အလာမပျက် ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။


ရွှေမိုးညှင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)