လမ်းမတော်မြို့နယ် သင်္ကြန်မင်းသားစတုဒိသာမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာဖြင့် မဟာသင်္ကြန်ပွဲတော်အတက်နေ့ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းမတော်မြို့နယ် သင်္ကြန်မင်းသားစတုဒိသာမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာဖြင့် မဟာသင်္ကြန်ပွဲတော်အတက်နေ့ ကျင်းပ




လမ်းမတော်  ,  ဧပြီ ၁၆


ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း မဟာသင်္ကြန်အတက်နေ့ မြန်မာ့ရိုးရာအစဥ်အလာမပျက် ရေကစားခြင်းနှင့်စတုဒီသာ အာဟာရ ကျွေးမွေးခြင်းများကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ် ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၁၃ လမ်းထောင့်ရှိ သင်္ကြန်မင်းသားစတုဒီသာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမဏ္ဍပ်တွင် မဟာဗန္ဓုလလမ်းတလျှောက် သွားလာနေကြသော ခရီးသွားပြည်သူများအား မုန့်လုံးရေပေါ်နှင့် ရွှေရင်ရေးစတုဒိသာဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ အောင်သပြေခက်ဖြင့် ရေပက်ဖြန်းခြင်း၊ ရပ်ကွက်နေပြည်သူများမှ ရေကစားခြင်းဖြင့် စည်ကားလျက်ရှိသည်။

ထို့သို့ စတုဒီသာအာဟာရကျွေးမွေးခြင်းနှင့် မြန်မာ့ရိုးရာအစဥ်အလာမပျက် ရေကစားခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ၀န်ထမ်းမိသားစုများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)