မအူပင်မြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် အညီမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) မြန်မာ့သနပ်ခါးလိမ်းခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် အညီမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) မြန်မာ့သနပ်ခါးလိမ်းခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများဆောင်ရွက်





မအူပင် ,  ဧပြီ ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)တွင် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ အစဉ်အလာမပျက်ရေကစားခြင်း၊ မြန်မာ့သနပ်ခါးလိမ်းခြင်းနှင့် စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းများအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါမြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ညီမဟာသင်္ကြန်ပွဲတော်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းဦးဆောင်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ ရိုးရာမပျက်ရေကစားခြင်း၊ သနပ်ခါးများလိမ်းခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)