ပေါင်မြို့နယ်၌ ကမ္ဘာအေးစေတီ ရာမညဓမ္မာသာလာမွန်ဓမ္မာရုံတွင် သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ကမ္ဘာအေးစေတီ ရာမညဓမ္မာသာလာမွန်ဓမ္မာရုံတွင် သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပ






ပေါင်၊ ဧပြီ  ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီ ရာမညဓမ္မသာလာမွန်ဓမ္မာရုံတွင် (၄၀)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယနေ့ (မဟာသင်္ကြန်အတက်နေ့) နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ကြီးပူဇော်ကန်တော့ပွဲတွင် ရှေးဦးစွာ သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များနာယူကာ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ပြီး ကဒါရပ်ကွက်အတွင်းရှိ အသက် ၈၀ နှစ်အထက် ဘိုးဘွား(၁၅၂)ဦးတို့အား သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ က စုပေါင်းကာ အလှူငွေများ လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြ‌သည်။

ယင်းနောက် ငွေသားများအပါအဝင်၊ စတီးဒရင်းဘတ်၊ ဆန်အိတ်ကြီး၊ ဂွမ်းစောင်၊ ငါးဆင့်ချိုင့်၊ ထီး၊ ဓာတ်ဗူး၊ ဖိနပ် အစရှိသည့် အသုံးအဆောင်ပစ္စည်းများကို စာရေးတံမဲဖောက်ကာ ဘိုးဘွားများအား ပျော်ရွှင်စွာ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)