ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲသို့ တက်ရောက်





အိမ်မဲ , ဧပြီ ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာအုပ်စုတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပသော သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦတင်မောင်ဝင်းက တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များအား ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ဆန်းဝင်း၊ မြောင်းမြခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမြင့်အောင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ တောင်သူများကစုပေါင်းကာ ပါရမီဒေါင့်ကျေးရွာအုပ်စု၊ ပါရမီဒေါင့် ကျေးရွာရှိ တောင်သူဦးထွန်းထွန်းလွင်၏ ကွင်း/ဦးပိုင်အမှတ် (၂၂-၇၆/၁)၊ စိုက်ဧက (၇.၂)ဧကပေါ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များအား ကြဲပက်ခဲ့ကြောင်း သိရသည်။


သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာထက်သန်စေပြီး သွင်းအားစုဓာတ်မြေသြဇာ လျှော့ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းပိုမိုရရှိကာ တောင်သူဝင်ငွေတိုးပွားစေမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)