၂ဝ၂၅ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂ဝ၂၅ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ





နေပြည်တော်၊ ဧပြီ ၂၉

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရေတပ်သားဘာသာရပ်နှင့် ရေကူးဘာသာရပ်တို့တွင် ပါဝင်သည့် သင်ခန်းစာများကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းယားရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၁၀ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၄၀ ဦးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး တပ်မတော်(ရေ) ရေကြောင်းလူငယ်သင်တန်းစခန်း(၁၁)ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၈၀၀)ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထို့သို့ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းများ လေ့ကျင့် သင်ကြားပို့ချနေမှုများကို စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်း စခန်း ၁၅ ခုတွင် စုစုပေါင်းသင်တန်းသား ၈၀၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်မြို့ရှိရန်ကုန်သင်တန်းစခန်းမှ သင်တန်းသား ၆၅ ဦးအားလည်းကောင်း၊ မော်လမြိုင်မြို့ရှိမော်လမြိုင်သင်တန်းစခန်းမှ သင်တန်းသား ၅၁ ဦးအားလည်းကောင်း၊ ပြည်မြို့ရှိပြည်သင်တန်းစခန်းမှ သင်တန်းသား १२ ဦးအားလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ သင်တန်းသား ၆၅ ဦး အားလည်းကောင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ သင်တန်းစခန်းမှ သင်တန်းသား ၅၆ ဦး အားလည်းကောင်း အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းလူငယ်သမိုင်း ဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘော တရားဘာသာရပ်၊ လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး ဇာတိမာန် ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်းဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူနည်းပြများမှ လေ့ကျင့်သင်ကြားပေးနေမှုများအား တွေ့မြင်ရပြီး ကျန်သင်တန်းစခန်းအသီးသီး တွင်လည်း ဆက်လက်လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)