ရန်ကုန်၊ မေ ၉
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၂)ကြိမ်မြောက် လှူဒါန်းသည့် အောက်တိန်း 92 တန် ၁၇၀၀၀ တင်ဆောင်လာသော သင်္ဘော T YU DONG သည် မေလ ၇ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် Max Energy Terminal သို့ ရောက်ရှိသည်။
ထိုသို့ ရောက်ရှိလာသည့် အောက်တိန်း 92 တန် ၁၇၀၀၀ အား ယမန်နေ့က လွှဲပြောင်းလက်ခံရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန် ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည်တရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing ထံမှ သီလဝါဆိပ်ကမ်း၌လွှဲပြောင်းလက်ခံသည်။
အဆိုပါရောက်ရှိလာသည့် အောက်တိန်းများကို ငလျင်ဘေးသင့်ဒေသများသို့ ပြန်လည်ထူထောင်ရေးကိစ္စများတွင် အသုံးပြုရန်အတွက် စွမ်းအင်ဝန်ကြီးဌာနက ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment