မန္တလေးတိုင်းဒေသကြီးရှိ ကျောင်းများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် တွေ့ဆုံအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးရှိ ကျောင်းများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် တွေ့ဆုံအားပေး


နေပြည်တော်၊  မေ  ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊  မွန်းလွဲပိုင်းတွင် မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းနှင့်အောင်မြေသာစံမြို့နယ် အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စခန်းသွင်းသင်ကြားလေ့ကျင့်နေသည့် တက္ကသိုလ် ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ အခြေခံပညာ ဆရာ၊ ဆရာမများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းအဆင့်သည် အခြေခံ ပညာအဆင့်တွင်  အဆင့်အမြင့်ဆုံးဖြစ်ပြီး နိုင်ငံတကာ “စံ” အရ တက္ကသိုလ်ဝင်ခွင့် အသိအမှတ်ပြု စာမေးပွဲဖြစ်သည့်အတွက် အလွန်အရေးကြီးကြောင်း၊ ငလျင်ဒဏ်မှ ရုန်းထွက်၍    မိမိရည်မှန်းချက်အတိုင်း ယခုကဲ့သို့ မလျှော့သောဇွဲလုံ့လဖြင့် တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်မှု များသည် ဘဝတစ်လျှောက် ကြုံတွေ့နိုင်မည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန် အဓိကကျသည့် စိတ်ခွန်အားတစ်ခုပင်ဖြစ်ကြောင်း၊ ယခု Grade-12 စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန် ကျောင်းသား၊ ဆရာ၊ မိဘများ တက်ညီလက်ညီ ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အစိုးရအဖွဲ့အစည်းအသီးသီးမှလည်းအထူးအလေးထားကြပ်မတ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြင်ဦးလွင်ခရိုင်တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူအင်အား၏ ၉၉ ရာခိုင်နှုန်း တက်ရောက် ပညာသင်ကြားလျက်ရှိသည်ကို  တွေ့ရှိသဖြင့် အလွန်အားရကျေနပ်မိကြောင်း၊ ကျန်ရှိနေသော အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အမြန်ဆုံးရောက်ရှိ ပညာသင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုလိုအားသွန်ခွန်စိုက် လာရောက်သင်ကြားပို့ချပေးသည့် ဆရာ၊ ဆရာမများကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုကြောင်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ နေထိုင်သင်ကြားလေ့ကျင့်နိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးကိုဂရုပြုဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် စခန်းသွင်းဝင်ရောက်ရေး၊ ဆရာ၊ ဆရာမများ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဆင်ပြေချောမွေ့စေရေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေတို့အားသွားရောက်ကြည့်ရှု၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)