မိုင်းနောင်မြို့၌ မေတ္တာရှင်မူကြိုကျောင်း၏ (ပထမ)အကြိမ် မူကြိုအဆင့်ပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းခြင်းအခမ်းအနား ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းနောင်မြို့၌ မေတ္တာရှင်မူကြိုကျောင်း၏ (ပထမ)အကြိမ် မူကြိုအဆင့်ပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းခြင်းအခမ်းအနား ပြုလုပ်




မိုင်းနောင်  ၊ မေ ၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ မေတ္တာရှင်မူကြိုကျောင်း၏ (ပထမ)အကြိမ် မူကြိုအဆင့် ပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြား၍ စခန်းမှူး ရဲအုပ်ဇော်ဝင်းက သားငယ်၊ သမီးငယ်များ၏ ပညာရေးကဏ္ဍဘက်စုံဖွံဖြိုးရေးအတွက် ကြိုးကြိုးစားစားသင်ပြပေးသော တာဝန်ခံ ဆရာမနှင့် ဆရာများအား ချီးကျူးဂုဏ်ပြုစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမီးက လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု မူကြိုကျောင်းဖြစ်လာအောင် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများအား (ရှမ်းဘာသာ)ဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။


ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးနှင့် အခမ်းအနားတက်ရောက်လာသူများမှ မူကြိုအဆင့် ပြီးဆုံးကြောင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ တာဝန်ခံဆရာမ ဒေါ်နန်းရွှေယုံက ကျောင်းတက်မှန်ဆုရရှိသော ကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


 မနန်း(မိုင်းနောင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)