ရန်ကုန်၊ မေ ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ Belays Rus ပါတီ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင်းစ်မြိုတွင် မေလ (၁၅)ရက်မှ (၁၇)ရက်နေ့ထိ ကျင်းပမည့် နှစ်(၈၀)ပြည့် Great Patriotic War အခမ်းအနား တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို ၂၀၂၅ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ၁၈ ၀၀ နာရီချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် အခမ်းအနားတက်ရောက်နေစဉ်ကာလအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီနှင့် Belaya Rus ပါတီအကြား လူငယ်၊ အမျိုးသမီး၊ မီဒီယာ၊ ပါတီအဆင့်ဆင့် အပြန်အလှန်ဖလှယ်ရေးနှင့် လွှတ်တော်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မူဝါဒစည်းနှောင်မှု မပါရှိသော နှစ်ပါတီသဘောတူညီချက် Agreement ရေးထိုးဆောင်ရွက်မည်ဖြစ်သည်။
ထိုသို ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ကိုယ်စားလှယ်အဖွဲဝင်များ ပြည်ပထွက်ခွာရာသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များမှ လိုက်ပါပိုဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment