၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါး ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅)ရာခိုင်နှုန်း ပေးအပ်ခြင်း အခမ်အနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါး ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅)ရာခိုင်နှုန်း ပေးအပ်ခြင်း အခမ်အနားပြုလုပ်








ကြံခင်း၊ မေ ၁၅

၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါး ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်စိုက်ပျိုး နိုင်မှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅)ရာခိုင်နှုန်း ပေးအပ် ခြင်း အခမ်အနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ၂၀၂၄ ခုနှစ်အတွင်း ရေကြီးနစ် မြုပ်မှုကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တောင်သူများအား ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယခုရရှိသော ထောက်ပံ့ငွေအား အကျိုးရှိစွာဖြင့် မိမိလယ်ယာမြေများတွင် ထည့်သွင်း အသုံးပြုပြီး မိုးစပါးပန်းတိုင်အထွက်တိုးစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိုးစပါး စိုက်ပျိုးရာတွင် ကျဲခင်းစနစ်ကို အသုံးမပြုပဲ Seeder စနစ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်နှင့် မြို့နယ်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များက ရေကြီးနစ်မြုပ်ခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ကြပြီးနောက်  မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးအမှာစကားပြောကြားခဲ့သည်။

အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် ပြန်လည်စိုက်ပျိုးသည့် တောင်သူ (၂၅၁)ဦး၏ ပြန်စိုက်ဧက (၄၅၉) ဧက အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅)ရာခိုင်နှုန်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ 


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)