မေ - ၁၅ ( ကြာသပတေးနေ့ )
နိုင်ငံတိုင်းက ကိုယ်နိုင်ငံကိုယ် ကာကွယ်ခွင့်ရှိတဲ့အတွက်ကြောင့် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲမှာ ပါကစ္စတန်က အရှုံးကြီးရှုံးပြီး အမြီးကုတ်နေရတဲ့ခွေးတစ်ကောင်လို နေရတော့မယ်လို့ အမေရိကန် စစ်ဌာချုပ် ပင်တာဂွန်က အငြိမ်းစားအရာရှိကြီး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်ရူဘင်က ပြောသွားပါတယ်။
လက်ရှိဖြစ်နေတဲ့ စစ်ပွဲမှာ အိန္ဒိယက စစ်ရေးအရရော သံတမန်အရေးမှာပါ အောင်ပွဲကြီး ဆင်နွဲသွားနိုင်မှာပါလို့ ဆိုပါတယ်။ ပါကစ္စတန်က ရှုံးသွားလိမ့်မယ်၊ အပစ်ရပ်ရေးကို ဦးတည်ပြီး မဆွေးနွေးဘူးဆိုရင်တော့ အိန္ဒိယလက်ချက်နဲ့ အများကြီး ဆုံးရှုံးရနိုင်ဖွယ်ရာရှိနေတယ်။ အိန္ဒိယက သူတို့လုပ်လို့ရတဲ့ ဘာမဆိုကို လုပ်သွားနိုင်တယ် လို့လည်း ဆိုပါတယ်။ ဘာလို့ဒီလိုပြောတာလည်းဆိုတော့ ပါကစ္စတန်စစ်တပ်က သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့အတွက် အရည်အသွေး မပြည့်မီဘူးလို့ ဆိုပါတယ်။
နယ်စပ်ကာကွယ်ရေးအတွက် အိန္ဒိယမှာ လုံလောက်တဲ့ စွမ်းရည်ပြည့်ဝနေပေမဲ့ ပါကစ္စတန်မှာက လုံလုံလောက်လောက် စစ်လက်ပစ္စည်းတွေရော ဗျူဟာပါ မရှိတာကြောင့်လို့ ဆိုပါတယ်။ အိန္ဒိယဘက်က လှုတ်ရှားမယ်ဆိုရင် ဂျမူး နဲ့ ကတ်ရှ်မီးယား တစ်ပြည်နယ်လုံးရနိုင်တယ်လို့ ဆိုသွားပါတယ်။
REF: ANI
https://t.me/MyanmarNationalPost

No comments:
Post a Comment