ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့အုပ်စုနှင့် တသားတည်းရပ်တည်ပြီး အကြမ်းဖက်လှုံ့ဆော်မှုများ စဉ်ဆက်မပြတ် ပြုပ်လုပ်နေသည့် Tachileik News Agency က ယာယီရပ်နားကြောင်း ကြေညာထားသည်။
၎င်းတို့၏ အသိပေးကြေညာချက်တွင် "၂၀၀၉ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့က စပြီး သတင်းလုပ်ငန်းများကို စတင် လုပ်ကိုင်လာခဲ့သည့် Tachileik News Agency အား ၂၀၂၅ခုနှစ် မေလ(၃)ရက်နေ့ကစပြီး ယာယီ(ယာယီ)ရပ်နားလိုက်ပါကြောင်း Tachileik News Agency ၏ ပရိသတ်များအား လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။" ဟု ဖော်ပြထားသည်။
အဆိုပါ အကြမ်းဖက်လှုံ့ဆော်မီဒီယာများသည် ပြည်ပအဖွဲ့အစည်းများထံမှ ငွေကြေးအထောက်အပံ့များရယူပြီး တပ်မတော်ကောင်းကြောင်း မရေးရ၊ ဗုဒ္ဓဘာသာကောင်းကြောင်း မရေးရ၊ အစ္စလာမ်ဘာသာကို မကောင်းကြောင်းမရေးရ ဟူသော သဘောတူညီချက်ဖြင့် ငွေကြေးအထောက်အပံ့ရနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။
အဓိကအားဖြင့် DVB, Mizzima, The Irrawaddy တို့က ပြည်ဖျက်မီဒီယာအုပ်စုကို ဦးဆောင်ပြီး ၎င်းတို့၏ ချိတ်ဆက်ပေးမှုဖြင့် ပြည်ဖျက်မီဒီယာများသည် ပြည်ပအဖွဲ့အစည်းများ ငွေကြေးနှင့် လုပ်ငန်းသုံးပစ္စည်းများ အထောက်အပံ့ရနေခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment