နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ပုဗ္ဗသီရိမြို့နယ်ရှိ ငလျင်ဘေးရှောင်စခန်းသို့ တိုင်းရင်းဆေးဖြင့် ‌ကျန်းမာရေးစောင့်ရှောက်မှုပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ပုဗ္ဗသီရိမြို့နယ်ရှိ ငလျင်ဘေးရှောင်စခန်းသို့ တိုင်းရင်းဆေးဖြင့် ‌ကျန်းမာရေးစောင့်ရှောက်မှုပေး




ပုဗ္ဗသီရိ  ၊  မေ ၄


နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာသီရိပတ္တာကျောင်းတိုက်ရှိ ငလျင်ဘေးရှောင်စခန်းသို့ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။


ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် နေပြည်တော်တိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ်ကြီး ဦးလှမော်နှင့် တိုင်းရင်းဆေး ဆရာ/ဆရာမများက ကွင်းဆင်းဆေးကုသပေးခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ် မင်္ဂလာသီရိပတ္တာကျောင်းတိုက်ရှိ သံဃာတော်များနှင့် ငလျင်ဘေးရှောင်စခန်းမှ ပြည်သူများအား သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြောရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေးဖြတ်၊ လေးငန်းရောဂါ၊ ထုံနာကျင်နာရောဂါများကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာအကြောင်း သိကောင်း စရာများအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။


အောင်ကို(ပုဗ္ဗသီရိ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)