ပုသိမ် ၊ မေ ၄
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများ၌ အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်း သန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်း၍ စေတီတော်မြတ်ကြီးအား ရေသပ္ပာယ်ခြင်း၊ ရင်ပြင်တော်ဆေးကြောသန့်စင်ခြင်းနှင့် ပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘုရား၊ စေတီ၊ ပုထိုးများ၊ ဆင်းတုတော်များအား အများပြည်သူကြည်ညိုဖွယ်ရာဖြစ်စေရေးအတွက် ရေသပ္ပါယ်ခြင်း၊ ရောခြည်တော်ဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်စေရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး ကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် စေတီတော်ကြီး၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာရှိ တောင်သူ ဦးဝင်းမြင့်လှိုင်၏ စိုက်ဧကတစ်ဧကတွင် ပြုလုပ်သည့်နယူးဧရာ-၁၁နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ အထွက်တိုးမျိုစပါးများပြောင်းလဲစိုက်ပျိုးစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ အထွက်တိုးမျိုးစပါးများ အသုံးပြုစေရေး၊ သီးထပ်စွမ်းအားတိုးတက် စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။ အဆိုပါ နွေစပါးအား စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင်ပျမ်းမျှ အစိုအထွက်နှုန်း( ၂၀၆ )တင်း၊ အခြောက်အထွက်နှုန်း(၁၉၃)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ရွာသာယာကျေးရွာရှိ ပိုင်ရှင်ဦးမင်းအောင်၏ အသားတိုးကြက်(CP)ကြက်ကောင်ရေ (၄၀၀၀) မွေးမြူထားရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချရမှုအခြေအနေများနှင့် အသားတင် အမြတ်ရရှိမှုများကို မေးမြန်းဆွေးနွေးခဲ့ပြီး အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်စေရေးနှင့် ဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေးကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ ကန်သုံးဆင့်ရေကန် (၁၃၀၀ပေ× ၃၀၀ပေ× ၃ပေ) ဧရိယာ တူးဖော်နေမှုနှင့် (၁၄၀၀ပေ× ၄၀ပေ× ၆ပေ) တာဘောင်တိုးချဲ့ဧရိယာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကန်သုံးဆင့်အပန်းဖြေဥယျာဉ် အပိုင်း(၂)အား ဆက်လက်အကောင်အထည်ဖော်ရေး၊ ကန်ပတ်လမ်းတစ်လျှောက် အမှိုက် ကင်းစင်ရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊ မြတ်ခင်းများ စိမ်းလန်းစိုပြေစေရေး၊ တိုးချဲ့တာဘောင်အား ပုံစံတကျဆောင်ရွက်၍ မြက်စိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပန်းခြံစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်ပန်းပင်များ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်းနှင့် မိုးကာလမရောက်မီ လုပ်ငန်းများ ပြီးပြတ်စေရေး လူအင်အား၊ စက်အင်အားအပြည့်ဖြင့် ဆောင်ရွက်စေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
လှမင်းထွဋ်
https://t.me/MyanmarNationalPost
No comments:
Post a Comment