ငါန်းဇွန်မြို့နယ်၌ ပြည်သူများအား စားအုန်းဆီများဈေးနှုန်းသက်သာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်၌ ပြည်သူများအား စားအုန်းဆီများဈေးနှုန်းသက်သာစွာ ရောင်းချပေး




ငါန်းဇွန်  ၊  မေ ၂


မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ၍ မြို့ပေါ် (၄) ရပ်ကွက်ရှိ အိမ်ထောင်စုဝင်ပြည်သူများအား စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ တစ်ပိဿာ (၈၂၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။      


ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူများစားသုံးရန်  တစ်ရက်လျှင် စားအုန်းဆီ ၁၃၂၀ ပိဿာ ခွဲတန်း ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စာအုန်းဆီများကို ငါန်းဇွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူဖြန့်ဝေမှုများ ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်မှ အိမ်ထောင်စု ဝင်များအား တစ်အိမ်ထောင်လျှင်  စားအုန်းဆီတစ်ပိဿာ  (၈၂၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။ စားအုန်းဆီများကို အိမ်ထောင်စုဝင် (၃၀၀၀) ကျော်အား ဖြန့်ဝေပေးရန် လျာထားခဲ့ပြီး  မြို့ပေါ်ဆီဆိုင်များဖြစ်သော ဦးသန့်ဇင်ဝင်း၊ ဦးဇော်လင်း၊ ဦးကျော်မင်း၊ ဦးကြည်စံ နှင့် ဦးကံသာဆီဆိုင်များမှ စားအုန်းဆီများကို ဖြန့်ဝေပေးခဲ့ရာ အိမ်ထောင်စုဝင်စုစုပေါင်း (၂၀၉၆) ဦး လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။ အိမ်ထောင်စုဝင်များကို အိမ်ထောင်စုဝင်အလိုက် ဆီထုတ်စာအုပ်များ ပြုလုပ်ပေး၍ စနစ်တကျ ခေါ်ယူရောင်းချပေးခဲ့ကြောင်း  သိရသည်။


ထို့ပြင် ငါန်းဇွန်မြို့နယ်၊ ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်းကျေးရွာများရှိ ဆီကိုယ်စားလှယ် များထံသို့လည်း စားအုန်းဆီများကို အပတ်စဉ်ဖြန့်ဝေပေးလျက်ရှိရာ တစ်ပတ်လျှင် ဆီကိုယ်စားလှယ်တစ်ဦးအား စားအုန်းဆီတစ်ပိဿာ (၈၂၀၀) ကျပ်နှုန်းဖြင့် (၂၀) ပိဿာစီ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ဆီကိုယ်စားလှယ် (၁၁၅) ဦးရှိကြောင်း သိရသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ပြင်ပပေါက်ဈေး ၁၂၀၀၀ ကျပ်နှုန်း ဝယ်ယူရကြောင်းနှင့် ယခုလို ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိ၍ ဝမ်းသာကြောင်း စားသုံးသူပြည်သူတစ်ဦးထံမှ သိရသည်။


ကိုကိုနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)