နေပြည်တော်၊ မေ ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့က နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီမှ ငလျင်ဘေးသင့်ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ အားပေးစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမဝင်း အတွင်း Prefabricated Office များ တပ်ဆင်တည်ဆောက်နေမှုနှင့် ယာယီရုံးများ ဆောက်လုပ်ထားရှိပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဧည့်ရိပ်သာ (၂) သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ပြိုကျပျက်စီး ထိခိုက်ခဲ့သည့် အဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အင်ဂျင်နီယာနှင့် လုပ်သားအင်အားများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပြိုကျပျက်စီးခဲ့သည့် အဆောင်များမှ ဆယ်တင်ပစ္စည်းများအား စနစ်တကျထိန်းသိမ်းထားရှိရေး၊ အဆောင်များ ပတ်ဝန်းကျင်တွင် ရေစီးရေလာ ကောင်းမွန်စေ ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်သွားရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ မြို့တော်ဝန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော မြို့ပြစီမံကိန်း ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက် အမှာစကား ပြောကြားသည်။
ထို့နောက် ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော ဝန်ကြီးဌာနရုံးများနှင့် နိုင်ငံ့ဝန်ထမ်း အိမ်ရာများအား ပြန်လည်နေရာချထားရေး အဆိုပြုစီမံချက်နှင့် နေပြည်တော် မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲထားမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment