ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချ


နေပြည်တော်၊ မေ  ၁၆

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်   ဟင်းသီးဟင်းရွက်များအား ပြည်ထောင် စုနယ်မြေ (နေပြည်တော်)၊စစ်ကိုင်းနှင့်မန္တလေးမြို့များအတွင်းငလျင်ဘေးသင့်ဝန်ထမ်းအိမ်ရာများသို့ မတ်လ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ ပြီး ယနေ့ မေလ ၁၅ ရက်တွင် ၄၅ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

မေလ ၁၅ ရက်တွင် ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်၊  ဆီ၊ ဆား ၊ ကုလားပဲ ၊ ငါးပိ ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥ၊ ခေါက်ဆွဲခြောက်တို့ကို  ရောင်းချပေးခဲ့ကြောင်းနှင့်နေ့စဉ်ဆက်လက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အတူစီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ပူး ပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံး ပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး(အရောင်းယာဉ်)ဖြင့် မေလ ၅ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

ထို့ပြင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် တို့ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိရာ   မေလ ၁၅ ရက်တွင် ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊  ငုံးဥတို့ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း လှည့် လည်ရောင်းချပေးလျက်ရှိသည်။

အလားတူ မေလ ၁၅ ရက်တွင် စစ်ကိုင်းမြို့၌ ဈေးကားလေးစီးဖြင့်ရောင်းချပေးလျက်ရှိရာ ဆန်၊ စားအုန်းဆီ၊ ဆား၊ ကုလားပဲ၊  ငါးပိ၊ ငါးနီတူခြောက်၊ ပုစွန်ခြောက်၊  ကြက်ဥ၊  ဘဲဥ၊ ကြက်သွန်နီနှင့် အသားတုတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး  မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ဆန် ၊ စားအုန်းဆီ ၊ ဆား ၊ ကုလားပဲ ၊ ငါးပိ ၊ ငါးခြောက် ၊ ကြက်ဥ၊ ဘဲဥနှင့် ခေါက်ဆွဲခြောက်ထုပ်တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)