သထုံ၊ မေ ၁၆
မွန်ပြည်နယ် သထုံမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဝါးနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်များကို မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း ၍ မေလ ၁၅ ရက်တွင် ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌ သထုံခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းဦး ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ သထုံမြို့ပေါ် ရပ်ကွက်အသီးသီးရှိ လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်များ၌ သတ်မှတ်စည်းကမ်းများနှင့် အညီ ရောင်းချခြင်း ရှိ၊ မရှိ၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ၊ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိလိုက်လံစစ်ဆေးကာ လိုအပ်သည်များကို အသိပညာပေး ဆွေးနွေးသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment