ဇီလန်စကီးက ရုရှားသိမ်းထားတဲ့ ယူကရိန်းမြေတွေကို မပေးနိုင်ဘူးလို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီလန်စကီးက ရုရှားသိမ်းထားတဲ့ ယူကရိန်းမြေတွေကို မပေးနိုင်ဘူးလို့ ဆို


မေ - ၁၆ ( သောကြာနေ့ ) 

ကြာသပတေးနေ့က အန်ကာရာမြို့ တွင် တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန် နဲ့ ဆွေးနွေးမှုအတွင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးက ရုရှားတွေ သိမ်းထားတဲ့ ယူကရိန်းမြေတွေနဲ့ ပတ်သက်ပြီး လိုက်လျောမှု တစ်စုံတစ်ရာပြုလုပ်ခြင်းကို မလုပ်နိုင်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

“ဘာပဲဖြစ်ဖြစ် ခရိုင်းမီးယားကျွန်းဆွယ်ဟာ ယူကရိန်းအပိုင်ပဲ အမြဲတမ်းဖြစ်နေရမှာပါ” လို့ ဇီလန်စကီး က ပြောကြားပြီး နောက်ပြီးတော့ ယူကရိန်းဆီက တောင်းဆိုထားသော အခြားနယ်မြေများကိုလည်း အလားတူ ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ “ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်မယ့် နယ်မြေကိစ္စတွေကို ဆက်ပြီး ဆွေးနွေးဖို့မလိုဘူး ထင်တယ်” လို့ပြောသွားပါတယ်။ 

မော်စကိုအစိုးရက ယူကရိန်းဆီကနေ လက်ရှိသိမ်းယူထားတဲ့ ခါဆန် နဲ့ ဇာပိုရိုဇယီပြည်နယ်များ၊ ဒွန်ညက် နဲ့ လူဂန်နက်စ် ပြည်သူ့သမ္မတနိုင်ငံများကို ယူကရိန်းကို ပြန်လည်ပေးအပ်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ 

ရုရှားလူမျိုးစုအများစုနေထိုင်တဲ့ ခရိုင်းမီးယားက ၂၀၁၄ တုန်းက ပြည်သူ့ဆန္ဒခံယူပြီး ရုရှား နဲ့ ပေါင်းခဲ့သလို ရုရှား အဓိကစကားပြော ဒွန်ဘားစ်ဒေသက ဒွန်ညက် နဲ့ လူဂန်နက်စ် သမ္မတနိုင်ငံများသည် ခါဆန်နဲ့ ဇာပိုရိုဇယီ ပြည်နယ်များနှင့်အတူ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဆန္ဒခံယူပွဲကျင်းပပြီးနောက် ရုရှား နဲ့ ပူးပေါင်းခဲ့တာပါ။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ခရိုင်းမီးယားနဲ့ ပတ်သက်ပြီး ရုရှားအပိုင်ဖြစ် သက်မှတ် ပေးထားပါတယ်။ ပြင်သစ်သမ္မတ မာခရွန်ကလည်း ရုရှားသိမ်းထားတဲ့ မြေတွေကို ယူကရိန်း ပြန်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။ အဲ့လိုပဲ ယူကရိန်း နိုင်ငံသားတွေကလည်း ရုရှားသိမ်းထားတဲ့မြေတွေကို ပြန်သိမ်းဖို့အတွက် နောက်ထပ်စစ်ပွဲတွေကို မဖြစ်နိုင်တော့ဘူးလို့ ဆိုနေကြပါတယ်။ 

ရုရှားအပေါ် ဆက်လက် ပိတ်ဆို့အရေးယူမှုများနှင့် သံတမန်ရေးအရ ဖိအားများကသာ “နယ်မြေပိုင်နက်ကိစ္စများ” နှင့် ပတ်သက်၍ အနာဂတ် ဆွေးနွေးမှုများအတွက် အခြေအနေများ ဖန်တီးပေးနိုင် မယ်လို့ မျှော်လင့်ကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)