နေပြည်တော်၊ မေ ၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ၂-၅-၂၀၂၅ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ Polytechnic University (မအူပင်)သို့ ရောက်ရှိပြီး လာမည့် ဇွန်လဆန်းကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိသော ပင်မသုံးထပ်ဆောင်၊ ရှေ့မျက်နှာစာ၊ မြေညီထပ်ရှိ ရုံးခန်းများ၊ ဌာနခန်းများနှင့် စာသင်ခန်းများ၊ အကြီးစား ပြင်ဆင်လျက်ရှိသောအလုပ်ရုံများ၊ တည်ဆောက်ရေးလုပ်ငန်းများဖြစ်သော သုံးထပ်စာသင်ဆောင်၊ ဘောလုံးကွင်း၊ သုံးထပ်ဆရာမများအဆောင်နှင့် အခြားလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာလုပ်ငန်းများကို ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များမှာကြားသည်။ အဆိုပါ Polytechnic University (မအူပင်)သည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ၂၁ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်း အမှတ်အဖြစ် Naypyitaw State Poly-technic University နှင့်အတူ အခြား Poly-technic University များဖြစ်သည့် ကျိူင်းတုံ၊ ပင်လုံ၊ ထားဝယ်နှင့် မြိတ်မြို့တို့နှင့် တစ်ပြိုင် နက်တည်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည်တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး Polytechnic University ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်၊ ဒေသတွင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ်အထောက်အကူပြုမည့် အင်ဂျင်နီယာပညာရှင် နည်းပညာရှင်လူငယ်ကောင်းများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်မှာကြားကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment