နေပြည်တော်၊ မေ ၄
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ အမဲသား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့်ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့တို့အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီးမေလ ၃ ရက်တွင် ၃၄ ရက်မြောက်အဖြစ် ဈေးကားခုနစ်စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်မှ မေလ ၃ ရက်အထိ စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၃၁၁ အိတ်၊ စားအုန်းဆီ ၄၈၉၃ ပိဿာ၊ ဆား ၇၃ ပိဿာ၊ ကုလားပဲ(၂၀)ကျပ်သားပါ ၃၇၄ ဘူး၊ ငါးပိ ၂၃ ပိဿာ၊ ကြက်သွန်နီ ၅၇၃ ပိဿာ၊ အသားတု ၂၇ ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုစွန်ခြောက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ(မနောသုခ) ၆၂၉ အိတ်၊ စားအုန်းဆီ ပိဿာ ၆၁၆၀၀ ၊ ဆား ပိဿာ ၅၅ ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၉၁ ထုပ်၊ ငါးပိ ၂၁ ပိဿာ၊ ငါးနီတူခြောက်၊ အာပဲ့ခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။
အလားတူ နေပြည်တော်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိဆေးရုံ ဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက် အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ မြန်မာ့အလင်း သတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက်၊ နေပြည်တော်ဘူတာကြီး၊ ဥပ္ပါတသန္တိဘုရားပရိဝုဏ်အတွင်းရှိ လုံခြုံရေးဝန်ထမ်းများ၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ရှိ ဝန်ထမ်းများနှင့်ပြည်သူများအား ဆန် ၆ ပြည်ပါ(မနောသုခ- Export Quality) ၁၀၁၉၆ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၃၇၅ အိတ်၊ ဆီ ပိဿာ ၃၄၃၂၀ ၊ ဆား ၁၅၂၆ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၅၅၅၄ ထုပ်၊ ငါးပိ ၃၀၁ ပိဿာ၊ ကြက်သား အကောင်၂၅၀၊ ဝက်သား ပိဿာ၂၀ ၊ အမဲသား ၂၅ ပိဿာ၊ ကြက်ဥအလုံး ၈၆၂၀ ၊ ဘဲဥအလုံး ၂၂၈၀ ၊ ငုံးဥအလုံး ၂၀၀၀ ၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပဲ့ခြောက်များ၊ ငါးကြင်းပိဿာ ၉၀ ၊ ငါးတန် ပိဿာ ၉၀၊ ငါးမုတ် ပိဿာ ၇၀၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ခရမ်းသီးနှင့် မုန်ညင်းဖြူ စသည့်ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment