ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ Health Promoted Family (Dagon Seikkan) ဖွဲ့စည်းရေး အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ Health Promoted Family (Dagon Seikkan) ဖွဲ့စည်းရေး အစည်းအဝေးကျင်းပ



ဒဂုံဆိပ်ကမ်း ၊  မေ ၄


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ Health Promoted Family (Dagon Seikkan) ဖွဲ့စည်းရေး အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အေးမူယာကျော်က မြို့နယ်အတွင်းနေထိုင်သော ပြည်သူလူထုအား ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ပူးပေါင်း ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Health Promoted Family (Dagon Seikkan) အဖွဲ့ကိုဖွဲ့စည်းရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် Health Promoted Family (Dagon Seikkan)အဖွဲ့ကို အစည်းအဝေးသို့တက်ရောက်လာသော အထူးကုဆေးခန်း (၈)ခုမှ ကိုယ်စားလှယ်(၃)ဦးဖြင့်လည်းကောင်း၊ အထွေထွေရောဂါကုဆေးခန်း(၅၈)ခုမှ ကိုယ်စားလှယ်(၃) ဦးဖြင့်လည်ကောင်း၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၅၀)မှ ကိုယ်စားလှယ်(၃) ဦး ဖြင့်လည်ကောင်း၊ ပရဟိတ အသင်း/အဖွဲ့ (၈)ခုမှ ကိုယ်စားလှယ်(၃) ဦးဖြင့်လည်ကောင်း စုစုပေါင်းကိုယ်စားလှယ် (၁၂) ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။


ဖြိုးစန္ဒာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)