ဘိလပ်မြေစက်ရုံများအနေဖြင့် တပ်ဆင်စက်စွမ်းအားကို အပြည့်အဝ လည်ပတ်ထုတ်လုပ် နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်ရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိလပ်မြေစက်ရုံများအနေဖြင့် တပ်ဆင်စက်စွမ်းအားကို အပြည့်အဝ လည်ပတ်ထုတ်လုပ် နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်ရမည်


နေပြည်တော်၊ မေ  ၄

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်လောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲရှိ နဂါးဘိလပ်မြေစက်ရုံသို့ရောက်ရှိစစ်ဆေးစဉ်  စက်ရုံတိုးချဲ့၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းရှိ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည့်အပြင် ဒေသလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊  စက်ရုံအနေဖြင့် စက်စွမ်းအားပြည့်လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အခက်အခဲ၊ လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးရန်နှင့် အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မတ်လ ၂၈ ရက်က  လှုပ်ခတ်ခဲ့သည့်မန္တလေးငလျင်ကြီးကြောင့်   ပြည်သူများ၏ တိုက်တာနေအိမ်အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လမ်း၊ တံတားများ၊ ဘုရား၊ စေတီ၊ သာသနိကအဆောက်အအုံများ များစွာပျက်စီးဆုံးရှုံးခဲ့သဖြင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘိလပ်မြေများသည် အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ ဘိလပ်မြေစက်ရုံများအနေဖြင့် တပ်ဆင်စက်စွမ်းအားကို အပြည့်အဝလည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်စက်အရန်ပစ္စည်းများကိုလည်း  ကြိုတင်ဝယ်ယူ ဖြည့်ဆည်းဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံတိုးချဲ့ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံးစီမံဆောင်ရွက်ပြီး တင်ပြပေးရန်နှင့် လုပ်ငန်းများ ဆောလျင်စွာစတင်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ကုန်ကြမ်းထုံးကျောက်များ တူးဖော်ထုတ်လုပ်နေမှု၊ ထုံးကျောက်များအား ကြိတ်ခွဲနေမှု၊ ထုတ်လုပ်သည့်ဘိလပ်မြေများ အရည်အသွေးပြည့်မီစေရေးအတွက် စမ်းသပ်စစ်ဆေးနေမှု၊ ဘိလပ်မြေများထုတ်လုပ်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်၊ ထုတ်လုပ်ပြီးဘိလပ်မြေများအား ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)