မြောက်ဥက္ကလာပ၊ မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ တိုင်းဒေသကြီးဦးစီးမှူး သည် ယနေ့ နံနက်ပိုင်းက ဝန်ထမ်းများနှင့် လာရောက်တွေ့ဆုံခဲ့ ကြောင်းသိရသည်။
ဦးစွာ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါ်ခင်စောလင်းက ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် မိမိတို့ဌာနအတွင်းရှိ ရာထူးအလိုက် ဝန်ထမ်းများအနေဖြင့် မိမိတို့တစ်ဦးချင်း၏ လုပ်ငန်းတာဝန် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ပြီး နိုင်ငံတော်နှင့် ဌာနမှ အားကိုး အားထားရတဲ့ ဝန်ထမ်းများ ဖြစ်စေလိုကြောင်း၊ မိမိတို့ဌာနရုံး ဥပဓိရုပ်ကောင်းမွန်ရေး နှင့် ပြည်သူဝန်ဆောင်မှု လုပ်ငန်းများအား အမြဲအလေးထား ဆောင်ရွက်ကြစေလိုကြောင်းစသည့်တို့ကို ပြောကြားပြီး ဌာနအတွင်းရှိ ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းခဲ့ရာ ဝန်ထမ်းများက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ နှင့် အခက်အခဲများအား ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် တိုင်းဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရုံးဌာနအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment