ရွှေတောင် မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် နှင့် တာဝန်ရှိသူများကမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံသို့ ပျိုးပင်များပေးအပ်ခဲ့သည်။
မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းသည် ရာသီဥတုကောင်းမွန်မျှတရေး၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းရန်၊ အပူချိန်လျှော့ချနိုင်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်စေရန်၊ အရိပ်အာဝါသကောင်းမွန်စွာရရှိစေရန်၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ၊မြို့နယ်ဦးစီးဌာနမှူး ဦးအောင်စက်ပိုင်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ( ၁၅၀)ဦးခန့် နှင့်အတူ ကျွန်း ( ၇၀) ပင်၊ ပိတောက် ( ၇၀) ပင်၊ မဟော်ဂနီ ( ၇၀) ပင်၊ ပျဉ်းကတိုး( ၇၀) ပင်နှင့် ခရေ(၂၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း ( ၃၀၀) ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment