ဗန်ကောက်မြို့၊ အမြန်လမ်းမိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများအတွက် မြန်မာသံရုံးမှ နစ်နာကြေး ငွေများရရှိအောင် ဆောင်ရွက်ပေးခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်ကောက်မြို့၊ အမြန်လမ်းမိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများအတွက် မြန်မာသံရုံးမှ နစ်နာကြေး ငွေများရရှိအောင် ဆောင်ရွက်ပေးခဲ့



ဗန်ကောက်၊ မေ ၃၁

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ နံနက် (၀၄ ၀၀) အချိန်တွင် ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ ၂၁ မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှု ကြောင့် မြန်မာနိုင်ငံသားအလုပ်သမား (၄) ဦး ထိခိုက်သေဆုံးခဲ့ရာ စေတနာနစ်နာကြေးများ ရရှိနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ အစီအစဉ်ဖြင့် ထိုင်းဘက် သက်ဆိုင်ရာ ကုမ္ပဏီ၊ မြန်မာအလုပ်သမားသံအရာရှိ၊ မြန်မာသံရုံး မိတ်ဆွေအဖွဲ့များအကြား ညှိနှိုင်းမှု ပြုနိုင်ခဲ့သည်။ 

မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ နစ်နာမှုအတွက် စေတနာကြေးငွေများကို သေဆုံးသူ မိသားစုဝင်များထံ မှန်မှန်ကန်ကန်ရရှိ ခံစားနိုင်စေရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာ အလုပ်သမားသံအရာရှိမှတစ်ဆင့် မြန်မာဘက်သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများ အကူအညီရယူလျက် အဆိုပါမိသားစုဝင်များသို့ ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ 

သို့ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ထိုင်း UDONSAK CHIANGMAI Co., Ltd ဘက်မှ လူသားချင်းစာနာထောက်ထားမှုအရ သေဆုံးနစ်နာမှု စေတနာကြေးငွေ တစ်ဦးလျင် ထိုင်းဘတ်ငွေ (၁) သန်းစီဖြင့် စုစုပေါင်းထိုင်းဘတ်ငွေ (၄) သန်း ကို မြန်မာသံရုံး၊ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ထိုင်း UDONSAK CHIANGMAI Co., Ltd တာဝန်ရှိသူများမှ သေဆုံးသူ အလုပ်သမားများ၏ မိသားစုဝင် (၄) ဦးထံသို့ လက်ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)