တန့်ယန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခု ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား စတင်၍ အပ်နှံနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခု ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား စတင်၍ အပ်နှံနေ



တန့်ယန်း  ၊ မေ ၂၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ အခြေခံပညာကျောင်း ကျောင်းအပ်နှံရေး သီတင်းပတ်အား မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားရာ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းသား၊ ကျောင်းသူများ အပ်နှံ လက်ခံ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား အပ်နှံ လက်ခံ ဆောင်ရွက်နေမှုများကို ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက မိဘအုပ်ထိန်းသူများကိုယ်တိုင် လာရောက် အပ်နှံနေကြသော ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များကို စနစ်တကျ စာရင်းရေးသွင်းခြင်း၊ အတန်းလိုက် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းသုံးပစ္စည်းများအား အခမဲ့ ထောက်ပံ့ပေးဆောင်လျက်ရှိကြောင်း သိရသည်။


မင်းလွင်ဦး(တန့်ယန်း)                                                                                                                                 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)