တာလေမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာလေမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်



တာလေ ၊ မေ ၂၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ  ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ရှေးဦးစွာ နံနက် ၇ နာရီခွဲက  အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်အား ​​​​ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် အဖွဲ့​​ဝင်များ၊ အ.ထ.က​​ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများမှ ဆိုက်ထူးခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများမှ ကျောင်းအပ်နှံရေးဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ(၂၂)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများ အခမဲ့ထုတ်ဝေပေးခြင်းများကို မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ(၂)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သီတာအေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)