အမေရိက မှာ လေဆင်နှာမောင်းကြောင့် လူ ဒါဇင်နဲ့ ချီပြီးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိက မှာ လေဆင်နှာမောင်းကြောင့် လူ ဒါဇင်နဲ့ ချီပြီးသေဆုံး


မေ - ၁၉ ( တနင်္လာနေ့ ) 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန် ပြည်နယ်အများအပြားမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူဒါဇင်နဲ့ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။  

သောကြာနေ့ကစလို့ ပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ကန်တက်စကီ၊ မစ်ဇူရီ၊ ဗာဒျီးနီးယားနဲ့ အင်ဒီယားနား ပြည်နယ်တွေမှာ  အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။  ပြင်းထန်တဲ့ ရာသီဥတုကြောင့် သေဆုံးသူ ၁၉ ဦးအထိ တိုးလာခဲ့ပြီး ရက်ဆဲကောင်တီက အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ်ဦး ထပ်တိုးလာပါတယ်”လို့ ကန်တက်စကီ အုပ်ချုပ်ရေးမှူး  က တနင်္ဂနွေနေ့တွင် X မီဒီယာက ၎င်းရဲ့ အကောင့်မှာ တွင် ရေးသားခဲ့ပါတယ်။ လေဆင်နှာမောင်းကြောင့် အနည်းဆုံး လူ ၃ ဦး ဒဏ်ရာရရှိပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။ 

နောက်ဆက်တွဲ ဗီဒီယိုများတွင် လမ်းမများ တစ်ခုလုံးနီးပါ အပျက်အစီးများ ဖုံးလွှမ်းနေပြီး အချို့အိမ်များမှာ အုတ်မြစ်အထိ ပြိုကျပျက်စီးသွားတာကို တွေ့ရပါတယ်။ အပျက်အစီးများ နေရာအနှံ့ ပြန့်ကျဲနေပါသည်။

မစ်ဇူရီတွင် အနည်းဆုံး လူ ခုနစ်ဦး သေဆုံးခဲ့ပြီး ဗာဂျီးနီးယားတွင် နှစ်ဦးနှင့် အင်ဒီယားနားတွင် တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောပါတယ်။

ကြီးမားသော ရာသီဥတုစနစ်ကြောင့် လေပြင်းများတိုက်ခတ်နိုင်ပြီး ပုံမှန်မုန်တိုင်းများထက် ပိုမိုပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများကို ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။  မိုးကြိုးမုန်တိုင်းများက  စူပါဆဲလ်များဖြင့် ဖွဲ့စည်းထားတာကြောင့် မစ်ဇူရီ၊ အီလီနွိုက်၊ အင်ဒီယားနား နဲ့ ကန်တက်စကီ ဒေသများမှာ လေဆင်နှာမောင်းများကို ဖြစ်ပေါ်စေခဲ့ကြောင်း New York Times သတင်းတွင် ဖော်ပြထားပါတယ်။ 

လေဆင်နှာမောင်း ၂၆ လုံးထိ ကျရောက်ခဲ့ပြီး အများစုမှာ ကန်တက်စကီနဲ့ အင်ဒီယားနား မှာဖြစ်ပေါ်ခဲ့ပါတယ်။ အမေရိကန်၏ ဒေသတော်တော်များများမှာ ပြီးခဲ့သောလအတွင်း ပိုမိုပြင်းထန်သော လေဆင်နှာမောင်း ဖြစ်ပွားမှုမှ နောက်ဆက်တွဲအနေဖြင့် ပြင်းထန်သောမုန်တိုင်းများကို ဖြစ်ပေါ်စေခဲ့တယ်လို့ သိရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)