မြောက်ဥက္ကလာပမြို့နယ်တွင် ဗီယက်နမ်နိုင်ငံမှ သာသနာ့ပြုဆရာတော်ကြီးအား အမှူးထား၍ ထမင်းဘူးများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် ဗီယက်နမ်နိုင်ငံမှ သာသနာ့ပြုဆရာတော်ကြီးအား အမှူးထား၍ ထမင်းဘူးများ လှူဒါန်း







ရန်ကုန်၊ မေ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စံပြ(ဂ)ရပ်ကွက်၊ ဥက္ကာ ၂ လမ်း၊ ဝါတွင်း အင်္ဂါပါတ် မြတ်ဒါန သာသနာ့ဗိမ္မာန်တွင် ဗီယက်နမ်နိုင်ငံမှ သာသနာ့ပြုဆရာ တော်ကြီးအား အမှူးထား၍ ယနေ့ ညနေ ၄ နာရီအချိန် အဆိုပါ သာသနာ့ဗိမ္မာန်‌ ရှေ့တွင် ထမင်းဘူးများ လှူဒါန်းဖြန့် ဝေပေးခဲ့ကြသည်။

ထိုသို့ ထမင်းဘူးများ လှူဒါန်းဖြန့်ဝေပေးရာတွင် ဗီယက်နမ်နိုင်ငံမှ သာသနာ့ပြုဆရာ တော်ကြီးအားအမှူးထား၍ အလှူရှင်များဖြစ်သော  ဦးညွန့်ရွှေ၊ ဒေါ်မခိုင်ခိုင်ဝင်း၊ ဒေါ် မမြင့်မြင့်စိုး မိသားစု၊‌ ဒေါ်မော်မော်မြင့် နှင့် မြတ်ဒါန ဓမ္မာရုံ ဂေါပက အဖွဲ့မှ စုပေါင်း၍   ကြက်သားဆီပြန် နှင့် အစိမ်းကြော်ထမင်းဘူး  လူဦးရေ သုံးရာစာ၊ ဆန်နို့စီ လေဗူး ပါ တစ်ထုပ်စီ လူဦး‌ ရေ တစ်ရာစာ၊ ကြက်ဥ ၅ လုံးပါ တစ်ထုပ်စီ လူဦး‌ ရေ ၈၀ စာ စုစု ပေါင်း လူဦးရေ ၄၈၀ စာအတွက် လှူဒါန်းဖြန့်ဝေပေးခဲ့ကြ‌ကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)