တပ်ကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကျီးပင်ကျေးရွာ အနိမ့်ပိုင်း လူနေအိမ်များ ရေဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကျီးပင်ကျေးရွာ အနိမ့်ပိုင်း လူနေအိမ်များ ရေဝင်ရောက်




တပ်ကုန်း  ၊ မေ ၁၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့၍ မကျီးပင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသ(ခေါ်)ပေါင်နသာရိုးချောင်း ရေလျှံမှုကြောင့် မကျီးပင်ကျေးရွာ အနိမ့်ပိုင်း အိမ်ဝိုင်းခြံများအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ရေများဝင်ရောက်ခဲ့သည်။


အဆိုပါအိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့များ၊ စေတနာရှင်များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေတွင်းဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယာယီရွှေ့ပြောင်းပေးခဲ့ပြီး ရေဝင်ရောက်သည့် အိမ်ထောင်စုဝင်များအား ရေသန့်ဗူးနှင့် ထမင်းထုပ်များ စီစဥ်ပေးအပ်ခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)