နေပြည်တော်၊ မေ ၁၉
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃) ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ကျင်းပခဲ့ရာ တာဝန်ရှိသူများ တက်ရောက်ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောင်ရှိ လေ့ကျင့်ရေးကျောင်းများတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲ အခမ်းနားများ ကျင်းပခဲ့ခြင်းဖြစ်သည်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိ သဖြင့် ယင်းတာဝန်ကို ထမ်းဆောင် နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost










No comments:
Post a Comment