သို့
ဆရာတော် (ပေါက်ကိုယ်တော်)
အကြောင်းအရာ ။ ။ စာအုပ်နှင့် စာရေးကိရိယာလုံးဝပြတ်လပ်ခြင်း
ဆရာတော်ဘုရား - အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာတွင် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လုံးဝ (လုံးဝ) ပြတ်လပ်နေသည်မှာ (၃)နှစ်ကျော် (၄)နှစ်သို့ ရောက်ရှိခဲ့ပါပြီဘုရား။
၂၀၂၂ - ၂၀၂၃ (၁၀)လပိုင်း (၇)ရက်နေ့ ပထမအကြိမ် မီးရှို့ခံခဲ့ရပါသည်။ ထိုနှစ် (၁၁)လပိုင်းတွင် ပုံနှိပ်စာအုပ်နှင့် စာရေးကိရိယာ အလှူရှင်များ ထံမှ လက်ခံရရှိခဲ့၍ အဆင်ပြေခဲ့ပါသည်။ ၂၀၂၃ - ၂၀၂၄ (၁၁)လပိုင်း (၁၅) ရက်နေ့တွင် ဒုတိယအကြိမ် မီးရှို့ခံခဲ့ရပြီး ထိုနှစ်တွင် ပုံနှိပ်စာအုပ်နှင့် စာရေးကိရိယာများ လုံးဝ ရောက်ရှိမလာခဲ့ပါ ဘုရား။
ယခုနှစ် ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင်လည်း လုံးဝရောက်ရှိမလာပါက ကျောင်းဖွင့်နိုင်ရန် အခြေအနေ မရှိပါသဖြင့် ပညာလိုလားသူ ကျောင်းသား/ ကျောင်းသူ (၈)ဦး ရွာမှ ထွက်ခွါသွားကြပါပြီ ဘုရား။ ယခင်နှစ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် က ပုံနှိပ်စာအုပ်နှင့် စာရေးကိရိယာမပြည့်စုံမှုကြောင့် ကျောင်းသား/ ကျောင်းသူ (၄၀)ဦး ကျော် ရွာမှ ထွက်ခွါသွားခဲ့ပါသည်ဘုရား။
စာအုပ်နှင့် စာရေးကိရိယာမပြည့်စုံမှုကြောင့် (၃)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ (၃၅၀)ဦးကျော် ရှိရာမှ တဖြည်းဖြည်း စွန့်ခွါသွားခဲ့ကြပါသဖြင့် ယခုနှစ်တွင် ကျောင်းသား/ ကျောင်းသူ (၁၇၂)ဦးသာ ရှိပါတော့သည် ဘုရား။
သို့ပါ၍ တပည့်တော်တို့ ပညာသင်ကြားခွင့် ရရှိရန် ကောက်ရိုးတစ်မျှင်အဖြစ် ဆရာတော်ဘုရားထံသို့ အကူအညီ တောင်းခံပါသည် ဘုရား။
ကျောင်းသား/သူများ
အထက (ဇီးပြား)
ဇီးပြားရွာ၊ ပေါက်မြို့နယ်၊ မကွေးတိုင်း။
https://t.me/MyanmarNationalPost

No comments:
Post a Comment