မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ (ဃ)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ (ဃ)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်





မြောက်ဥက္ကလာပ၊ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ် သော ရောဂါ ကာကွယ်နိုင်ရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၇ နာရီအချိန် (ဃ)  ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး‌ စောင့်ရှောက်ရေးအသင်း ၊ ကြက်ခြေနီအသင်း ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ စေတနာ့ ၀န်ထမ်းများ ပူးပေါင်း၍ (ဃ)  ရပ်ကွက်အတွင်းရှိ နေအိမ်များအတွင်းရှိ နေ အိမ်များသို့ သွား ရောက်ကာခြင်မှ တဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်း ၊ရပ်ကွက်အတွင်း အသိပညာပေး  ဗီနိုင်းများကပ်ခြင်း ၊ ဖုံး ၊ သွန် ၊ လဲ ၊စစ် ပြုလုပ်ခြင်း ၊  ဘုရားပန်းအိုး ၊ရေစည်၊ ရေအိုး များတွင် ပိုးလောက်လမ်း ရှိ၊ မရှိ စစ်ဆေးခြင်း ၊ရေတွင်း ၊ရေကန်များတွင် အဘိတ်ဆေး ခပ်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)