ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး ပြောကြား





နေပြည်တော်၊ မေ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာန ချုပ်၊ ရွှေတြိဂံရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အမျိုး သားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဆန်လူ၊ ဦးကြည်မြင့် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ နှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက်တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ မိတ်ဆွေဟောင်းများနှင့် ပြန်လည် တွေ့ဆုံရသည့် အတွက် ဝမ်းမြောက်မိကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ် ပြီး စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကိုဖြစ်ပေါ်စေ ရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆက်လက်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံ့ တစ်ခု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များပေါကြွယ်ဝရေးသည် မဖြစ်မနေလုပ်ဆောင်ရမည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်း တက်ရောက်နိုင်စေရေး အခြေခံပညာသင်ကျောင်းများကို ဖွင့်လှစ်ပေးသွားရန်လို ကြောင်း၊ မိမိတို့သည်ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှပြဋ္ဌာန်းထားသည့် ရုံးသုံးဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထား ရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်ထောင်စုစနစ်ပညာရေးကို သင်ကြားရမည်ဖြစ်ကြောင်း၊ အခြေခံပညာအဆင့် တက်ရောက်အောင်မြင်ပြီးချိန်တွင် ပြည်တွင်းရှိ တက္ကသိုလ်များ သို့ တက်ရောက်နိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်း။

ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းသည့် ရာဘာကိုအခြေခံသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုပြီး အဆင့်မြင့်ကုန်ပစ္စည်းများကို ထုတ် လုပ်နိုင်ရန်လိုကြောင်း၊ အလားတူ ဒေသတွင်းအသားငါးများ လုံလောက်စွာ ထုတ်လုပ် နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများကိုလည်းဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှ လည်း လိုအပ်သည်များကို ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့်ပတ်သက်၍လည်း နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေးနှင့်ပတ်သက်၍လည်း ကျေးလက်ဒေသများ အဆင့်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဆက်လက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယ ဥက္ကဋ္ဌ ဦးစန်ပေ့ က တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဆွေးနွေးတင်ပြရာတွင် ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အကြီးအကဲများအား တွေ့ဆုံခွင့်ရသည့်အတွက် မိမိတို့အနေ ဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ဥက္ကဋ္ဌဟောင်းကြီး ကွယ်လွန်ဆုံးပါးခဲ့ချိန်တွင်လည်း နိုင်ငံတော်နှင့် ပြည်သူများက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည့်အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မကြာသေးမီက ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင် ကြီးလှုပ်ခတ်ခဲ့ချိန်တွင် နိုင်ငံတော်နှင့်ပြည်သူလူထုတို့၏ ထိခိုက်ဆုံးရှုံးခဲ့ရမှုများ အတွက်လည်း မိမိတို့အနေဖြင့်ထပ်တူဝမ်းနည်းမိပါကြောင်း၊ မိမိတို့အနေဖြင့် အထူး ဒေသ(၄)အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပြည်သူများပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ အမျိုး သားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၏ သဘောထားခံယူချက်အနေဖြင့် နှစ် ၃ဝ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသည့် ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင် ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက်လည်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ဒေသ အတွင်း ပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းရပ်များ အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မိမိတို့ဒေသအတွက် လိုအပ်သည်များ ကိုလမ်းညွှန်မှာကြားဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)