စိုက်ပျိုးရေးတက္ကသိုလ်၌ တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေးတက္ကသိုလ်၌ တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ မေ ၁၈

စိုက်ပျိုးရေးသုတေသနဦးစီးဌာနက အပတ်စဉ်စနေနေ့တိုင်းကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့က စိုက်ပျိုးရေးတက္ကသိုလ်စုဝေးဆောင်ခန်းမ၌ (၆၈) ကြိမ်မြောက် ကျင်းပရာ ကျေးလက်တောင်သူများ ပူးပေါင်းပါဝင်သော အပင်မျိုးမွေးမြူနည်း Farmer Participatory Plant Breeding (PPB) ခေါင်းစဉ်ဖြင့် ပို့ချဆွေးနွေးကြကြောင်း သိရသည်။

ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးသူတောင်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များ၊ သုတေသီများ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်သည့် အားကောင်းသော စနစ်တစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုစနစ်ကို နိုင်ငံတကာတွင် စတင်ကျင့်သုံးခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်-၁၉၉၀ ပြည့်နှစ်များဆီမှ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဌာနကြီးများက စတင်အသုံးပြုခဲ့ကြောင်း၊ ကျေးလက်တောင်သူများ ပူးပေါင်းပါဝင်သော အပင်မျိုးမွေးမြူနည်း Participatory Plant Breeding (PPB) ၏ အဓိပ္ပာယ်နှင့် အရေးပါမှု၊ PPB ၏ သမိုင်းကြောင်း၊ ရည်မှန်းချက်များဖြစ်သော ဒေသနှင့်ကိုက်ညီသောမျိုးများ၊ ဒေသဆိုင်ရာအခြေအနေများနှင့်အညီ သီးနှံများဖွံ့ဖြိုးရန်၊ သီးနှံအထွက်နှုန်းနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှု တိုးတက်စေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများ အားကောင်းစေရန်၊ သီးနှံမျိုးကွဲနှင့် ဗီဇအရင်းအမြစ် စုံလင်စေခြင်းကြောင့် ရောဂါပိုးမွှားပြင်းထန်စွာ ကျရောက်မှုမှ ကာကွယ်ပေးနိုင်ခြင်း၊ ဒေသဆိုင်ရာမျိုးစေ့စနစ်ထွန်းကားလာစေခြင်း၊ တောင်သူများ မျိုးစေ့လုပ်ငန်းကို လုပ်ကိုင်လာစေရေးတို့ကိုလည်းကောင်း၊ PPB ၏ အကျိုးကျေးဇူးများအဖြစ် ဒေသအလိုက် သင့်တော်သောမျိုးကွဲများ တိုးပွားစေခြင်း၊ တောင်သူများ စွမ်းဆောင်ရည်မြင့်မားစေခြင်း၊ ဈေးကွက်နှင့် ကိုက်ညီသော သီးနှံများထုတ်လုပ်နိုင်ခြင်းတို့အပြင် PPB သည် နည်းပညာတစ်ခုသာမက လူထုလှုပ်ရှားမှုပါ ပါဝင်ဆောင်ရွက်ရသောစနစ်ဖြစ်ကြောင်း ဆွေးနွေးပို့ချသည်။

ဆွေးနွေးချက်များကို တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီးက အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ယနေ့ကျင်းပသည့် (၆၈) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များ၊ သုတေသီများ၊ ဆရာ ဆရာမများ၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများမှ တောင်သူ ၆၀ တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပညာရှင်နှင့် တောင်သူ ၁၃၅ ဦးတို့က Zoon Point ၁၀၀ မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)