ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒ ခံယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒ ခံယူ


ရန်ကုန်၊ မေ  ၁၆

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့၏  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ဝင်္ဂဘာလမ်းထောင့်ရှိ အဆိုပါဆေးရုံကြီး ရာဇဂြိုလ်မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရား တော်များကို နာယူကြသည်။

ထို့နောက် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအေးမောင်သန်းကနိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားပြီး တာဝန်ရှိသူများကဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက်ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဩဝါဒကထာနှင့်  အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင်ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။        

အခမ်းအအနားသို့နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ  သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီး များ ကြွရောက်တော်မူကြပြီး  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)