မေ - ၁၆ ( သောကြာနေ့ )
စောင့်ကြည့်ရေးနှင့် လုံခြုံရေး သေချာစေရန် ပါကစ္စတန်၏ နျူကလီးယားလက်နက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ကြီးကြပ်မှုအောက် မှာပဲထားသင့်တယ်လို့ အိန္ဒိယကာကွယ်ရေး ဝန်ကြီး ရာဂျ်နတ်သ် ဆင်းဂ် က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
"ပါကစ္စတန်က အိန္ဒိယကို နျူကလီးယား ခြိမ်းခြောက်မှု ကြိမ်ဖန်များစွာ တာဝန်မဲ့စွာ ပြုလုပ်ခဲ့တာကို ကမ္ဘာက မြင်တွေ့ခဲ့ရပြီးပါပြီ။ ဒီနေ့ ဆရီနာဂါ ပြည်နယ်ကနေ ကမ္ဘာတစ်ဝှမ်းလုံးရှေ့မှာ မေးခွန်းထုတ်ချင်တာက ဒီလို တာဝန်မဲ့ပြီး မိုက်မဲတဲ့နိုင်ငံတွေရဲ့ လက်ထဲမှာ နျူကလီးယားလက်နက်တွေ လုံခြုံရဲ့လား” လို့ မေးခွန်းထုတ် လိုက်ပါတယ်။
“အိန္ဒိယကာကွယ်ရေးဝန်ကြီး၏ မှတ်ချက်များသည် IAEA ကဲ့သို့ ကုလသမဂ္ဂ၏ အထူးပြုအေဂျင်စီတစ်ခု၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို မသိနားမလည်ကြောင်း ပြသနေပါတယ်” လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ “ပြောရရင်ဗျာ IAEA နဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ အိန္ဒိယမှာ နျူကလီးယားနဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေ ထပ်ခါတလဲလဲ ခိုးခံရမှုတွေနဲ့ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု ဖြစ်ရပ်တွေအတွက်ကိုပဲ စိုးရိမ်သင့်ပါတယ်” လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးကပြောသွားပါတယ်။
ပြီးခဲ့သည့် သီတင်းပတ်က ပါကစ္စတန်နှင့် အိန္ဒိယတို့ စစ်ရေးအရ တင်းမာမှုများအတွင်း အိန္ဒိယလေတပ် (IAF) သည် မြေအောက်နျူကလီးယား သိုလှောင်ရုံနှင့် ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ဆာဂိုဒါရှိ ပါကစ္စတန်လေတပ်စခန်းကို တိုက်ခိုက်ခဲ့ပါတယ်။ IAF တိုက်ခိုက်မှုကြောင့် ကီရာနာတောင်တွေမှာ ရေဒီယိုသတ္တိကြွ ပေါက်ကြားမှု ဖြစ်စေတယ်လို့ ဆိုရှယ်မီဒီယာများတွင် ကောလဟာလများ ထွက်ပေါ်နေပါတယ်။
သို့သော်လည်း အိန္ဒိယသည် အဆိုပါ ကောလာဟလများကို လျင်မြန်စွာ ငြင်းဆိုခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် တိုက်ခိုက်မှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အိန္ဒိယ၏ လေကြောင်း စစ်ဆင်ရေး ညွှန်ကြားရေးမှူးချုပ် အေကေဘဟာတီ က "ကျွန်တော်တို့ ကီရာနာတောင်တွေ ကို မထိခဲ့ပါဘူး၊ အဲဒီမှာ ဘာပဲဖြစ်ဖြစ် ကျနော်တို့နဲ့ မဆိုင်ပါဘူး" လို့ပြောသွားပါတယ်။ ပါကစ္စတန်ရှိ မည်သည့် နျူကလီးယား စက်ရုံများမှ ဓါတ်ရောင်ခြည်များ ယိုစိမ့်မှုမရှိကြောင်း IAEA မှ အတည်ပြု ပြောကြားထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment