(၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်

 



ရန်ကုန်၊ မေ ၁၆

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်သည် မေလ ၁၁ ရက်မှ ၁၂ ရက်အထိ ကူဝိတ်နိုင်ငံတွင်ကျင်းပသည့် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံ (45th OCA General Assembly Kuwait) သို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၄) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့်အတူ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ၁၁ ရက်တွင်ကျင်းပသည့် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီအထွေထွေညီလာခံသို့တက်ရောက်ရာ အာရှအိုလံပစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ   Mr. Timothy Fok က အဖွင့်မိန့်ခွန်းပြောကြားပြီး  ကူဝိတ်အိုလံပစ်ကော်မတီဥက္ကဋ္ဌ Sheikh Fahad Al Sabah ၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Mr. Thomas Bach တို့က အမှာစကား ပြောကြားသည်။

မေလ ၁၂ ရက်တွင် အစည်းအဝေးဒုတိယနေ့ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် 44th OCA General Assembly  အစည်းအဝေးမှတ်တမ်းအတည်ပြုခြင်း၊ အရှေ့၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာရှအလယ်ပိုင်းနှင့် အာရှအနောက်ပိုင်းအစရှိသည့် ဇုန်(၅)ဇုန်၏ သက်ဆိုင်ရာဒုတိယဥက္ကဋ္ဌများက တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့်မှတ်တမ်းများကိုအတည်ပြုခြင်း၊ ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ဥက္ကဋ္ဌ Mr.Witold Banka က   တင်ပြခြင်း၊ Hangzhou 2023 Asian Games Organizing Committee ၊ Harbin 2025 Asian Winter Games Organizing Committee ၊  Bahrain 2025 AYG Organizing Committee ၊ Aichi Nagoya 2026 AGOC နှင့် Riyadh 2026 Asian Indoor and Martial Art Games OC မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ အိုလံပစ်သွေးစည်းညီညွတ်ရေးနှင့် အမျိုးသားအိုလံပစ်ကော်မတီများအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဖြည့်စွက်တင်ပြခြင်း၊ သက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌများက ဆွေးနွေးတင်ပြခြင်း၊ နောက်ကျင်းပမည့် General Assembly အတွက် နေ့ရက်နှင့်နေရာကိုသတ်မှတ်ခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများကို ပြုလုပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ မြန်မာ့ အားကစားအဆင့်အတန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာ၊ အပြည်ပြည်ဆိုင်ရာအားကစားပြိုင်ပွဲများတွင်    ပါဝင်ယှဉ်ပြိုင်ခဲ့မှုများ၊ အားကစားအဖွဲ့ချုပ်များ၏ ဒိုင်နှင့် နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များအတွက်အာရှအားကစားအဖွဲ့ချုပ် အသီးသီးမှတာဝန်ရှိသူများနှင့် တွေ့ဆုံပြီးလည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ လေ့ကျင့်မှုနေရာများနှင့်နေထိုင်စားသောက်မှုဆိုင်ရာ  ကိစ္စရပ်များ   အဆင်ပြေစေရေးအတွက် ထိုင်းနိုင်ငံ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ (SEAGF Council) မှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)