ပေါင်၊ မေ ၁၆
မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ကျင်းပသော (၃၈) ဖြာမင်္ဂလာနှင့်ယဉ်ကျေးလိမ္မာ နည်းပြသင်တန်း အမှတ်စဉ်(၆)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက အ.ထ.က ပေါင် ရွှေရတု ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပေါင်မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက် ဆရာတော်ထံမှဩဝါဒ ခံယူခဲ့ကြသည်။ ဆက်လက်၍ပေါင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဥက္ကဋ္ဌ ဦးညွန့်ဝင်းက လူငယ်စိတ်ဓာတ်မြှင့်တင်ရေး၊ (၃၈)ဖြာမင်္ဂလာတရား တော် ပြန့်ပွားရေး၊ အမျိုး၊ ပညာ၊ ဘာသာ၊ ဿသနာ ဖွံ့ဖြိုးရေးကို အဓိကထားပြီး ဖွဲ့စည်းထားသောအသင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး တာဝန်ခံဒေါ်နွယ်နွယ်အေးက သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ကျင်းပသော (၃၈) ဖြာမင်္ဂလာနှင့်ယဉ်ကျေးလိမ္မာ နည်းပြသင်တန်းကို တာဝန်ရှိသူများက သင်ထောက်ကူ သင်ရိုးညွှန်းတန်း စာအုပ်များကို သင်တန်းသား ကျောင်းသား၊ ကျောင်းသူများအားပေးအပ်ခဲ့ပြီး ပေါင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မြို့နယ် ဩဝါဒစရိယ ဇော်ပျံဆရာတော်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓဿသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost







No comments:
Post a Comment