UNOPS မှ ငလျင်ဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

UNOPS မှ ငလျင်ဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး


နေပြည်တော်၊ မေ   ၁၆

ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြားရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည်  ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer အား ယမန်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် UNOPS မှ ငလျင်ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေ၊ မြန်မာအစိုးရနှင့် UNOPS အကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့   နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)