မင်းဘူးမြို့ နဂါးပွက်တောင်တွင် မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ဘုရားခန်း၊ စောင်းတန်းနှင့် အစ်မတော်မောင်တော်အဆောင်များ ပြန်လည်ပြုပြင်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့ နဂါးပွက်တောင်တွင် မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ဘုရားခန်း၊ စောင်းတန်းနှင့် အစ်မတော်မောင်တော်အဆောင်များ ပြန်လည်ပြုပြင်သွားမည်



မင်းဘူး ၊  မေ ၇


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ နဂါးပွက်တောင်၌ မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော နေရာအချို့အား ပြန်လည်ပြုပြင်နိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။


နဂါးပွက်တောင်တွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဘုရားခန်းနံရံများ၊ စောင်းတန်း၊ အစ်မတော် မောင်တော်အဆောင်၊ ဘောဂဝတီတန်ဆောင်းမျက်နှာကျက်နှင့် ကွန်ကရစ်အခင်းများ၊ နဂါးရေကန်၊ VIP ရုံးခန်း၊ ဝန်ထမ်းများနားနေဆောင်၊ မန္တလေးဆောင်၊ မုခ်ဦး၊ ရေကန်နှင့် ရေနုတ်မြောင်းများ အက်ကွဲပျက်စီးသွားကြောင်း သိရသည်။


“ကျွန်တော်တို့ နဂါးပွက်တောင်ဟာ သမိုင်းဝင် အထင်ကရနေရာတစ်ခုဖြစ်ပြီး မကွေးမြသလွန်၊ ရှင်ပင်စက္ကိန်းတဲ၊ မန်းရွှေစက်တော်၊ ကျောင်းတော်ရာဘုရားများနှင့် ခရီးစဉ် တစ်ဆက်တစ်စပ်တည်း တည်ရှိနေတာကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ မကြာခဏ ဝင်ထွက်လေ့လာလျက်ရှိပါတယ်။ ဒါကြောင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကြီးကြပ်မှုဖြင့် မေလဒုတိယပတ်မှစပြီး ငလျင်ကြောင့် ပျက်စီးသွားသော နေရာများအား ပြန်လည်ပြုပြင်သွားမှာပါ” ဟု မင်းဘူးမြို့ နဂါးပွက်တောင်သာယာလှပရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)