ခန္တီး ၊ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ကော်မတီက ခန္တီးမြို့ပေါ်ရှိ ကာရာအိုကေ(KTV)ဆိုင်များ၌ ယနေ့ နံနက်(၁၀)နာရီ အချိန်က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရခြင်းမှာ သတ်မှတ်ချိန်ကျော်လွန်၍ ဖွင့်ခြင်း၊ အသံဆူညံ၍ ပတ်ဝန်းကျင်အား အနှောက်အယှက်ပြုခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဆိုင်တွင်းမူးယစ် ဆေးဝါးများသုံးစွဲခြင်း၊ ဖြန့်ချိရောင်းချခြင်း၊ အမျိုးသမီးများဖြင့် မြူဆွယ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်သူများ ခိုအောင်းခြင်း စသည့်ကိစ္စရပ်များ မပေါ်ပေါက်စေရေး အတွက် လိုက်လံစစ်ဆေးခြင်းဖြစ်ပြီး (၁)လလျှင် (၁)ကြိမ် လစဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကမ်းကီး
https://t.me/MyanmarNationalPost
No comments:
Post a Comment